PPTT(7/20) နည်းလမ်း(၁)ဖြင့် လေ့လာမည့်သူများစာရင်းထုတ်ပြန်ခြင်း

မကွေးပညာရေးကောလိပ်၊လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း PPTT အမှတ်စဉ်(၇/၂၀၂၀) သင်တန်း တက်ရောက်ခွင့်ရသူများအား သင်ကြားမှုနည်းလမ်း (၃)သွယ်ကို ဆက်သွယ်တောင်းခံခဲ့ပါသည်။ ထိုသို့တောင်းခံခဲ့ရာ သင်တန်းဝင်ခွင့်စာမေးပွဲ အောင်မြင်သူ (၇၁၉)ဦးရှိသည့်အနက် နည်းလမ်း(၁) ပညာရေးကောလိပ်တွင် တိုက်ရိုက် live ကြည်ရှု စေခြင်း နည်းလမ်းဖြင့် စာရင်းပေးသွင်းသူ (၄၇၈) ဦး ရှိပါသည်။

သို့သော်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်၊ မကွေးပညာရေးကောလိပ်၏ အင်တာနက်ဆက်သွယ်ထားသည့် စာသင်ခန်းအရေအတွက် ဝင်ဆံ့သည့် လူဦးရေအရ ခွင့်ပြုနိုင်မည့် ဦးရေမှာ (၆၆)ဦးသာ ဖြစ်ပါသည်။ အဆိုပါ လူဦးရေစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

သို့ဖြစ်ပါ၍ နည်းလမ်း(၁) ပညာရေးကောလိပ်တွင် တိုက်ရိုက် live ကြည့်ရှုစေခြင်းနည်း ဖြင့် စာရင်းပေးသွင်းထားသော်လည်း အထက်ဖော်ပြပါ စာရင်းတွင် မပါဝင်သော သင်တန်းသား/သူ များသည် ကျန် နည်းလမ်း(၂) ခုမှ မိမိတို့အဆင်ပြေမည့် နည်းလမ်းများကို အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း (၄-၉-၂၀၂၀) သောကြာနေ့ နောက်ဆုံးထား၍ ပြန်လည် အဆိုပြု စာရင်းပေးသွင်းကြပါရန် အသိပေးကြေငြာအပ်ပါသည်။

09- 401 614 061 , 09- 259 106 517, 09- 401 579 759 , 09- 259 037 902

မှတ်ချက်။ ။ ဖုန်းခေါ်ဆိုရာတွင် တယ်လီဖုန်းလိုင်း မအားပါက SMS , Viber မိမိအဆင်ပြေသလို ပေးပို့ထားနိုင်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်